ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့်(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ဝန်ကြီးချုပ်အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အခြေအနေများကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒီရက် က ပြောကြားခဲ့သည်။“ကျွန်တော် ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းရေးဆီကို ဦးတည်သွားနိုင်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းကြိုးပမ်းသွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်” ဟု သုံးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အနုတင်က ပြောကြားခဲ့သည်။
May 09 • 4:42 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


