back

အပူဒဏ်မြင့်မားစွာခံနေရသည့် မန္တလေးမှာ အပူဒဏ်ခံနိုင်သည့် သဘာ၀ဝါး/ကြိမ်ခမောက်တွေ ရောင်းကောင်းနေ

May 08 • 4:43 PM

breaking-news

Myanmar

Mandalay

cover

အပူဒဏ်မြင့်မားစွာခံနေရသည့် မန္တလေးမှာ အပူဒဏ်ခံနိုင်သည့် သဘာ၀ဝါး/ကြိမ်ခမောက်တွေ ရောင်းကောင်းနေ

မန္တလေးမြို့တွင်၊ ယခုရက်ပိုင်း၊ သဘာ၀ကုန်ကြမ်းဖြင့်ပြုလုပ်ထားသော၊ အပူဒဏ်ကာကွယ်ရေးခမောက် (ဦးထုပ်)များ ရောင်းအားကောင်းနေကြောင်း သိရသည်။ဝါး/ကြိမ်တို့ဖြင့်ပြုလုပ်ထား...

မန္တလေးမြို့တွင်၊ ယခုရက်ပိုင်း၊ သဘာ၀ကုန်ကြမ်းဖြင့်ပြုလုပ်ထားသော၊ အပူဒဏ်ကာကွယ်ရေးခမောက် (ဦးထုပ်)များ ရောင်းအားကောင်းနေကြောင်း သိရသည်။ဝါး/ကြိမ်တို့ဖြင့်ပြုလုပ်ထားသော ဒီဇိုင်းမျိုးစုံခမောက်(ဦးထုပ်)များအား၊ အပူဒဏ်ကာကွယ်ရန်မဖြစ်မနေ အသုံးပြု လာကြသဖြင့်၊ ယခင်နှစ်ကထက်ရောင်းအားနှစ်ဆပိုကောင်းနေကြောင်း ဝါးနှင့်ကြိမ်ထည်လက်မှုပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။နေ့စဥ်နှင့်အမျှ မဖြစ်မနေအပြင်ထွက်အလုပ်လုပ်ရသူများအတွက် မရှိမဖြစ်အပူဒဏ်ကာကွယ်ရေးပစ္စည်း အဖြစ်၊ ဝယ်ယူအသုံးပြုသူများလာသဖြင့် ရောင်းအားအလွန်ကောင်းနေခြင်းဖြစ်သည်။ဝါး/ကြိမ်ဖြင့်ပြုလုပ်ထားသောခမောက်(ဦးထုပ်)များသည်၊ပလတ်စတစ်ဦးထုပ်များထက် လေဝင်လေ ထွက်ကောင်း ပြီး ဦးခေါင်းကိုအေးမြစေခြင်းကြောင့် လက်ရှိရာသီဥတုနှင့်ကိုက်ညီနေပြီး၊ တစ်လုံးလျှင် ပစ္စည်းအ ရည်အသွေးနှင့် လက်ရာအလိုက် (၅၀၀၀)ကျပ်မှ(၁၀၀၀၀)ကျပ်ဝန်းကျင်အထိ စျေးရှိကြောင်းသိရသည်။



news-view-count-icon

33