back

မြန်အောင်တွင် လွန်ခဲ့တဲ့ နှစ်နှစ်ကြာခန့်က ပျောက်ဆုံးနေသူ တစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိ

May 08 • 4:41 PM

breaking-news

Myanmar

Ayeyarwady

cover

မြန်အောင်တွင် လွန်ခဲ့တဲ့ နှစ်နှစ်ကြာခန့်က ပျောက်ဆုံးနေသူ တစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ထူကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ ထူအင်းမကြီး အင်းအတွင်း ယနေ့ မေလ ၈ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့က...

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ထူကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ ထူအင်းမကြီး အင်းအတွင်း ယနေ့ မေလ ၈ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ရုပ်အလောင်းမှာ ဦးကျော်မျိုးထက်ဟု ၎င်း၏ မိခင်က အတည်ပြုပြီး မိခင်မှ ၎င်းသေဆုံးခြင်းမှာ အတက်ရောဂါဖြင့် အင်အားချည့်နဲ့ သေဆုံးနိုင်ခြင်းဟု ရဲတပ်ဖွဲ့ထံ ပြောဆိုထားပါတယ်။ဦးကျော်မျိုးထက် (၄၃နှစ်)၏ ရုပ်အလောင်းနှင့်ပတ်သတ်၍ အင်ပင်နယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေကြောင်း သိရပါတယ်။



news-view-count-icon

31