back

ထိုင်ဝမ်လွှတ်တော်က ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြု

May 08 • 3:46 PM

breaking-news

China

Local News

cover

ထိုင်ဝမ်လွှတ်တော်က ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို အတည်ပြု

ထိုင်ဝမ်လွှတ်တော်တွင် လပေါင်းများစွာ နိုင်ငံရေးအရ အငြင်းပွားခဲ့ကြပြီးနောက် ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ယနေ့ မေလ ၈ ရက်နေ့တွင် အတည်...

ထိုင်ဝမ်လွှတ်တော်တွင် လပေါင်းများစွာ နိုင်ငံရေးအရ အငြင်းပွားခဲ့ကြပြီးနောက် ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ယနေ့ မေလ ၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။ အဆိုပါ ဘတ်ဂျက်ကို အမေရိကန်လက်နက်များ ဝယ်ယူရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းအပေါ် နောက်ဆုံးအဆင့် မဲခွဲဆုံးဖြတ်ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက ရလဒ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏမှာ အစိုးရက အဆိုပြုထားသည့် ဒေါ်လာ ဘီလီယံ ၄၀ နီးပါးရှိသော ဘတ်ဂျက်ထက် များစွာလျော့နည်းနေသည်။ ခြိမ်းခြောက်နေသည့် တရုတ်နိုင်ငံ၏ တိုက်ခိုက်လာနိုင်ခြေအပေါ် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန်အတွက် မည်မျှအသုံးချသင့်သည်ဟူသော အချက်အပေါ် ထိုင်ဝမ်လွှတ်တော်အမတ်များအကြား အချေအတင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုရန် ကြန့်ကြာခဲ့ခြင်းဖြစ်သည်။



news-view-count-icon

2