back

ထိုင်းတွင် ဘတ် နှစ်သိန်းကျော်တန် ရွှေဆွဲကြိုးအား ဝါးစားခဲ့သည့် ခွေးလေး နှစ်ကောင်ကို အရေးပေါ် ခွဲစိတ်ကုသပေးခဲ့ရ

May 08 • 3:45 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ဘတ် နှစ်သိန်းကျော်တန် ရွှေဆွဲကြိုးအား ဝါးစားခဲ့သည့် ခွေးလေး နှစ်ကောင်ကို အရေးပေါ် ခွဲစိတ်ကုသပေးခဲ့ရ

ဘတ် နှစ်သိန်းကျော် တန်ဖိုးရှိသည့် ရွှေဆွဲကြိုး၏ အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ကာ မျိုချခဲ့မိသော ပိုမိုရေးနီးယန်း (Pomeranian) ခွေးလေးနှစ်ကောင်ကို ခွဲစိတ်...

ဘတ် နှစ်သိန်းကျော် တန်ဖိုးရှိသည့် ရွှေဆွဲကြိုး၏ အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်ကာ မျိုချခဲ့မိသော ပိုမိုရေးနီးယန်း (Pomeranian) ခွေးလေးနှစ်ကောင်ကို ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရပြီးနောက် ခွေးပိုင်ရှင်ဖြစ်သူက အခြားအိမ်မွေးတိရစ္ဆာန် မွေးမြူသူများ သတိပြုနိုင်ရန် လူမှုကွန်ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အသက် ၄၁ နှစ်အရွယ် နတ်သဖွန် ရွတ်ကာချတ် (Natthaporn Rukkachart) ဆိုသူက သူ၏ TikTok အကောင့်ဖြစ်သော @pompomgang888 တွင် သူ၏ခွေးလေးများ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို ဗီဒီယိုဖိုင်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ နတ်သဖွန်၏ နောက်ဆုံးအခြေအနေ တင်ပြချက်အရ ခွေးလေးနှစ်ကောင်လုံးမှာ လက်ရှိတွင် ဆေးရုံ၌ စောင့်ကြည့်ခံနေရပြီး ကျန်းမာရေးအခြေအနေ ပြန်လည်တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။




news-view-count-icon

12