back

လှိုင်သာယာတွင် သေနတ်ပြ၍ နေအိမ်သို့ ဝင်ရောက်စစ်ဆေးသည့် ဝန်ထမ်းအယောင်ဆောင်သူများက ရွှေနှင့်ငွေများ ခိုးယူသွား

May 08 • 2:25 PM

breaking-news

Myanmar

Yangon

cover

လှိုင်သာယာတွင် သေနတ်ပြ၍ နေအိမ်သို့ ဝင်ရောက်စစ်ဆေးသည့် ဝန်ထမ်းအယောင်ဆောင်သူများက ရွှေနှင့်ငွေများ ခိုးယူသွား

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် သေနတ်ပြ၍ နေအိမ်သို့ ဝင်ရောက်စစ်ဆေးသည့် ဝန်ထမ်းအယောင်ဆောင်သူများက ရွှေနှင့်ငွေများ ခိုးယူသွ...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် သေနတ်ပြ၍ နေအိမ်သို့ ဝင်ရောက်စစ်ဆေးသည့် ဝန်ထမ်းအယောင်ဆောင်သူများက ရွှေနှင့်ငွေများ ခိုးယူသွားမှု ယခင်လ (ဧပြီလ ၂၄) နံနက် ၂နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပါတယ်။သူတို့ထဲက တစ်ယောက်က( စရဖ )က ဝေယံဟု ပြောပြီး လုပ်ငန်းကိစ္စရှိသဖြင့် နေအိမ်အတွင်း စစ်ဆေးရှာဖွေမည်ဟု ပြောတယ်။ ဝေယံဆိုသူက ၎င်းသေနတ် ဘယ်မှာလဲ ကျန်သုံးယောက်ကိုမေးတော့ တစ်ယောက်က ပါလာတဲ့ ကျော့ပိုးအိတ်ထဲမှ ရွှေရောင် သေနတ်ထုတ်ပေးတယ်။ဝေယံက သေနတ်ဘေးမှာထားပြီး ဧည့်ခန်းထဲမှာထိုင်၍ ဖုန်းကို စစ်တယ် Kpay အထွက်အဝင် စစ်မည်ပြောပြီး ဖုန်းလျှို့ဝှက်ကုတ် Kpay လျှို့ဝှက်ကုတ် တောင်းတယ်။အခန်းထဲက သုံးယောက်ထွက်သွားတော့ အခန်းထဲ ဝင်ကြည့်တဲ့အခါ ရွှေတွေ မရှိတော့ဘူး။ စရဖကဟု ပြောတဲ့ ဝေယံက ဖုန်းစစ်မပြီးဘူး။ သူကို ရွှေတွေ ပျောက်တဲ့အကြောင်း ပြောတော့ ဒီကောင်တွေ အဲ့လိုလုပ်မရဘူး။အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေထည်နှင့်ငွေ ခိုးယူခံရသည့် ပိုင်ရှင်က ဝန်ထမ်းအယောင်ဆောင်သည့် အမည်မသိ ၄ဦးအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်းကြားကြောင်း Top Phoenix မီဒီယာက စုံစမ်းသိရှိရပြီး၊ လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ၄ဦးထဲမှ ၂ဦးအား ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။




news-view-count-icon

41