back

“ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန် ၉၄ သိန်းပေးဝေ”

May 08 • 2:23 PM

breaking-news

Myanmar

Naypyidaw

cover

“ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန် ၉၄ သိန်းပေးဝေ”

ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရပ...

ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရပါတယ်။ဒါ့အပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် နွေသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မတ်လ ၁ ရက်မှစတင်ကာ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့် နည်းပါးစွာနဲ့ စနစ်တကျ စီမံကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ နွေစပါး ၄,၂၆၆ ဧကနှင့် နွေသီးနှံ ၄၄၁ ဧက၊ စုစုပေါင်းစိုက်ဧက ၄,၇၀၇ ဧက စိုက်ပျိုးပြီးစီးထားကြောင်း သိရပါတယ်။ချောင်းမငယ်ရေလှောင်တမံ၏ မေလ ၆ ရက်အထိ သိုလှောင်ရေပမာဏမှာ ၇၅,၂၅၄ ဧကပေရှိပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ်ရေလှောင်တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၉၁,၇၇၀ ဧကပေရှိပြီး စိစစ်ဧရိယာ ၇,၂၁၉ ဧကအတွက် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိကြောင်း သိရပါတယ်။



news-view-count-icon

31