လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊ ကျောင်းဝင်းများအတွင်း ခြုံနွယ်များ၊ အမှိုက်သရိုက်များကို လုံခြုံရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြုပြင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။" စစ်ရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ ကော့ကရိတ်မြို့ပေါ်စာသင်ကျောင်း(၁၀)ကျောင်းလောက်ဘဲဖွင့်နိုင်တယ်။ ကျေးရွာတွေက ကလေးတွေဆိုရင် သူတို့စစ်ရှောင်နေရတဲ့နေရာဒေသတွေမှာ ပြည်နယ်အစိုးရကစစ်ဘေးရှောင်ကျောင်းသားတွေ ကျောင်းတက်နိုင်အောင်သက်ဆိုင်ရာပညာရေးဌာနနဲ့ချိတ်ဆက်ထားပေးတယ်။ အဲ့ဒီမှာတက်ကြရတယ်"ဟု ကော့ကရိတ်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်က ပြော သည်။


