တနင်္သာရီတိုင်း၊ထားဝယ်ဒေသထွက် ဒညင်းသီးသည် ယခုနှစ် ရာသီအဖွင့်တွင် ဈေးကောင်းခဲ့သော်လည်း သင်္ကြန်ကာလနောက်ပိုင်းတွင် ဈေးပြန်ကျသွားသဖြင့် ဒညင်းသီးကုန်သည်များ အရှုံးပေါ်နေကြောင်း သိရသည်။ယခုနှစ် ဧပြီလ ဒညင်းသီးရာသီအဖွင့်တွင် တစ်တောင်း (၁၈ ပိဿာခန့်) လျှင် ကျပ်လေးသောင်းမှ သင်္ကြန်ကာလအပြီးတွင် ကျပ်ရှစ်သောင်းခွဲအထိ ဈေးရခဲ့ကြောင်း ကုန်သည်များက ဆိုသည်။သို့သော် သင်္ကြန်ကာလနောက်ပိုင်းတွင် တစ်တောင်းလျှင် ကျပ်နှစ်သောင်းအထိ ဈေးထိုးကျသွားကြောင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ဒညင်းသီးကုန်သည်တစ်ဦးက ပြောသည်။ယင်းအပြင် ဈေးကောင်းရသဖြင့် ခူးဆွတ်ချိန်မတိုင်မီ ကြိုတင်ခူးဆွတ်ကြကြောင်း၊ ယင်းကြောင့်ပြန်လည်ရောင်းချရာ၌ အရည်အသွေး ကွာခြားမှုကြောင့် ဈေးနှိမ်ခံရခြင်းမျိုးလည်း ရှိကြောင်း သိရသည်။
May 08 • 4:20 AM
Myanmar
Tanintharyi
Share
| 34 | 0 | 0 | 0 |


