ထိုင်းနိုင်ငံ၌အများပြည်သူမြင်ကွင်းမှာ နိုင်ငံခြားသားခရီးသွားဧည်သည့်တချို့ မဖွယ်မရာလိင်ဆက်ဆံတာမျိုးတွေ ဆက်တိုက်ဆိုသလို ပြုမူလာကြတာကြောင့် သူတို့ရဲ့နေထိုင်သွားလာပုံတွေကို ပိုပြီးတင်းကျပ်စွာ စောင့်ကြည့်သွားမယ်လို့ ထိုင်းအစိုးရက မေလ ၆ ရက်၊ ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေတယ်လို့လည်း သတိပေးထားပါတယ်။“မူးယစ်ဆေးဝါးသုံးစွဲတာအပါအဝင် မဖွယ်မရာလိင်ကိစ္စပြုမူတဲ့ ခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ လှပတဲ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေတာကြောင့် တရားစွဲဆို အရေးယူတာတွေ ခံရမယ်”လို့ ဝန်ကြီးချုပ်ရုံးရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ထိုင်းပြည်တွင်းရှိ အများပြည်သူမြင်ကွင်းမှာ အဝတ်ဗလာကျင်းပြီး ကိုယ်လုံးတီးဖြစ်နေတာ (ဒါမှမဟုတ်) မဖွယ်မရာလိင်ကိစ္စလုပ်တာမျိုးတွေကို ထိုင်းဘတ်ငွေ ၅,၀၀၀ အထိ ဒဏ်ရိုက်အရေးယူနိုင်ပါတယ်။
ထိုင်းအစိုးရက အများပြည်သူမြင်ကွင်းမှာ မဖွယ်မရာလိင်ကိစ္စပြုမူတဲ့ ခရီးသွားဧည့်သည်တွေကို တင်းကျပ်စွာအရေးယူသွားမယ်လို့ သတိပေး
May 07 • 2:34 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


