back

တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် သိပ္ပံသုတေသနသင်္ဘော ရေချ

May 07 • 2:33 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် သိပ္ပံသုတေသနသင်္ဘော ရေချ

တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် သိပ္ပံသုတေသနသင်္ဘော “R/V Haiying” ကို မေလ ၅ ရက်က ကျဲ့ကျန်းပြည်နယ် ဝန်းလျင်မြို့ ဆုန်းမန်မြိ...

တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် သိပ္ပံသုတေသနသင်္ဘော “R/V Haiying” ကို မေလ ၅ ရက်က ကျဲ့ကျန်းပြည်နယ် ဝန်းလျင်မြို့ ဆုန်းမန်မြို့နယ်တွင် တည်ဆောက်ပြီးစီး၍ ရေချအခမ်းအနား ပြုလုပ်ခဲ့သည်။အရပ်ဘက် ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၁၅၀ ဖြင့် တည်ဆောက်ထားသည့် အဆိုပါ သိပ္ပံသုတေသနသင်္ဘောသည် စုစုပေါင်း အရှည် ၈၂ မီတာ ရှိပြီး ကုန်ပြည့်တင်ဆောင်ထားသည့် ရေပေါ်ပမာဏ (Full Load Displacement) တန်ချိန် ၃,၅၀၀ ရှိရန် လျာထားရာ ရေမိုင်ပေါင်း ၁၀,၀၀၀ ခရီးနှင်နိုင်ပြီး ရက်ပေါင်း ၆၀ ကြာ အထောက်အပံ့ပစ္စည်းဖြည့်တင်းရန်မလိုသော သင်္ဘောပင်ကို ရပ်တည်နိုင်စွမ်းရှိသလို ပညာရပ်ကဏ္ဍများစွာကို ရေပြင်အကန့်အသတ်မရှိ ဘက်စုံစူးစမ်းလေ့လာနိုင်စွမ်း ရှိပေသည်။ အဆိုပါသင်္ဘောအား ရင်းနှီးမြှုပ်နှံသူများမှာ ကျဲ့ကျန်းပြည်နယ် ဝန်းလျင်မြို့ရှိ တံငါသည် ၃၇ ဦး ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်တွင် သိပ္ပံသုတေသနသင်္ဘော “R/V Haiying” ကို တရားဝင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးချိန်၌ အဆင့်မြင့်ပညာတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများသို့ ငှားရမ်းသည့်စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

13