Seasia Stats ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် တစ်ပတ်လျှင် ပျမ်းမျှ ၁၁ ကြိမ်ဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ကမ္ဘာ့ရေအချိုးဆုံးနိုင်ငံစာရင်း၏ တတိယနေရာတွင် ပူးတွဲရပ်တည်နေပြီး ဘရာဇီးက ပထမ၊ ကိုလံဘီယာက ဒုတိယနေရာ၌ ရှိနေသည်။ အပူပိုင်းဒေသနိုင်ငံများဖြစ်သည့်အလျောက် မြင့်မားသော အပူရှိန်နှင့် စိုထိုင်းဆကြောင့် ခန္ဓာကိုယ်အေးမြစေရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေခဏခဏချိုးသည့် အလေ့အထရှိကြခြင်းဖြစ်ကာ ထိုင်းနိုင်ငံတွင်မူ လူမှုရေးအရ သန့်ရှင်းသပ်ရပ်မွှေးကြိုင်စွာ နေထိုင်ခြင်းကို အထူးအလေးထားကြသောကြောင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင်ပင် အနံ့အသက်ဆိုးထွက်ခြင်း မရှိသလောက်ရှားပါးကြောင်း သိရှိရပါသည်။
May 06 • 9:04 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


