ယမန်နေ့ မေ ၂ ရက်၊ နံနက် ၉ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် ၁ တွင် ဆိုင်ရှင်ကို ဓားပြတိုက် ပြန်ပေးဆွဲရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ဆိုင်အတွင်း CCTV မှ ရရှိသည့် ရုပ်သံဖိုင်တွင် ဆိုင်ရှေ့ရှိ ကားအဖြူရောင်တစ်စီးပေါ်မှ အနက်ရောင်ဝတ်စုံဖြင့် ရုပ်ဖျက်ထားသူတစ်ဦး ဆိုင်အတွင်းဝင်ရောက်သွားပြီးနောက် ထပ်မံ၍ သေနတ်ကိုင်ထား သည်ဟု ယူဆရသည့် လူ ၃ ဦး ထပ်မံ လိုက်ဝင်သွားကြောင်းတွေ့ရသည်။ပထမဆုံးလူ ဝင်သွားစဥ် ဆိုင်အတွင်း တံမြက်စည်းလှဲနေသည့် အမျိုးသမီးတစ်ဦး ဆိုင်အတွင်းမှ ထွက်ပြေး ပျောက်ကွယ်သွားသည်ကိုလည်း တွေ့ရသည်။ယခုကျူးလွန်သူများမှာ သေနတ်ကိုင်လူ ၄ ဦးဖြစ်ပြီး ပိုင်ရှင်မရသဖြင့် CROWN အဖြူရောင်ဖြင့် ချက်ချင်း မောင်းပြေးခဲ့ကြောင်း မြို့ခံတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။



