back

ဖားကန့်တွင် မိုးကြိုးပစ်ခံရသဖြင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

May 01 • 3:27 PM

breaking-news

Myanmar

Kachin

cover

ဖားကန့်တွင် မိုးကြိုးပစ်ခံရသဖြင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတစ်ဖက်ကမ်းရှိ ရွှေလုပ်ကွက်တစ်ခုတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က မိုးကြိုးပစ်ခံရသဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတစ်ဖက်ကမ်းရှိ ရွှေလုပ်ကွက်တစ်ခုတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က မိုးကြိုးပစ်ခံရသဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခံရချိန် စက်ကွင်းတွင်ရှိနေသည့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။ အမျိုးသားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဖားကန့်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ မိုးကြိုးပစ်ခံရသဖြင့် သေဆုံးခဲ့သည့်အမျိုးသားမှာ အသက် (၃၂) အရွယ် ဦးရန်နိုင်မိုးဆိုသူဖြစ်ပြီး အသက် (၂၅) အရွယ် ကိုဇေယျ၊ အသက် (၄၂) အရွယ် ဦးအောင်ကိုသန်းနှင့် အသက် (၂၁) အရွယ် ကိုဝိုင်ဝိုင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မိုးဇလက ကချင်ပြည်နယ်တွင် မေ ၁ ရက်နှင့် ၂ ရက်နေ့အတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။


news-view-count-icon

19