မန္တလေးမြို့မှာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ပစ္စည်းခိုးဖို့ စနစ်တကျ သင်ထားတဲ့မျောက်တွေကို ရပ်ကွက်တွေထဲလွှတ်ထားကာ လူဝင်ထွက်ဖို့ ခက်ခဲတဲ့ အဆောက်အဦတွေက တန်ဖိုးကြီးပစ္စည်းတွေ ပျောက်ဆုံးတာမျိုးဖြစ်ခဲ့ပြီး အခုရက်ပိုင်းအတွင်းမှာ အဲ့ဒီမျောက်သူခိုး အများစု မန္တလေးမြို့ပေါ်မှာ ခပ်စိပ်စိပ်လှုပ်ရှားလာတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း အဲ့ဒီလိုစနစ်တကျ ပစ္စည်းခိုးဖို့ သင်ထားတဲ့ မျောက်တွေကို ၈၁ လမ်း ၄၄ လမ်းနဲ့ ၄၅ လမ်းကြားက ကျောင်းတိုက်နဲ့ နေအိမ်တွေပေါ်မှာ လှုပ်ရှားသွားလာနေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ဓာတ်ပုံနဲ့တကွ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။လက်တလောမှာ အဲ့ဒီမျောက်တွေက မဟာမုနိဘုရားကြီး အနီးတဝိုက်နဲ့ အဲ့ဒီနားက ရပ်ကွက်တွေမှာ သွားလာလှုပ်ရှားနေကြတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။



