back

မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို လျှပ်စစ်ထုတ်လုပ်ရန် ဖြန့်ဖြူးပေးနေ

May 01 • 9:02 AM

breaking-news

Myanmar

Ayeyarwady

cover

မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို လျှပ်စစ်ထုတ်လုပ်ရန် ဖြန့်ဖြူးပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) မှ တိုးတက်ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အား ထုတ်လု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ် (၁၄) မှ တိုးတက်ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် ရန်ကုန်မြို့ရှိ ရွာမထိန်းဖြန့်စခန်းမှတစ်ဆင့် စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတွင်းမှ ဧပြီလ ၂၈ ရက်နေ့တွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစ၍ အဖျောက်နှင့် မအူပင်ဒေသရှိ ပါးလွှာသဲကြောများကို သုတေသနပြုဖောက်ယူရရှိသည့် ဓာတ်ငွေ့များကို CNG မော်တော်ယာဉ်များ၊ စက်ရုံများနှင့် လျှပ်စစ်ကဏ္ဍတို့တွင် အကျိုးရှိရှိ ခွဲဝေသုံးစွဲလျက်ရှိသည်။ ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ စွမ်းအင်သွင်းကုန်များ လျှော့ချနိုင်ရန်နှင့် နိုင်ငံတော်စွမ်းအင်လုံခြုံရေး တိုးမြှင့်ရန်အတွက် ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ထုတ်လုပ်မှုတိုးတက်စေရန် ရေတို၊ ရေရှည်စီမံကိန်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရှိရပါသည်။
news-view-count-icon

26