back

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့၏ အကောင်းဆုံးကစားသမားအဖြစ် ဒမ်ဘီလီ ရွေးချယ်ခံရ

May 01 • 9:00 AM

breaking-news

Myanmar

International

cover

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့၏ အကောင်းဆုံးကစားသမားအဖြစ် ဒမ်ဘီလီ ရွေးချယ်ခံရ

PSG အသင်း၏ တိုက်စစ်မှူး ဒမ်ဘီလီသည် ဘိုင်ယန်မြူးနစ်အသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဥရောပဘောလုံးအ...

PSG အသင်း၏ တိုက်စစ်မှူး ဒမ်ဘီလီသည် ဘိုင်ယန်မြူးနစ်အသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ၂ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဒမ်ဘီလီအတွက် ယခုဆုသည် ယခုရာသီတွင် ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ပြီး၊ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေတစ်ဦးတည်းသာ ဤဆုကို နှစ်ကြိမ်ရရှိထားကြောင်း သိရသည်။ ထို့ပြင် UEFA ၏ ဆီမီးဖိုင်နယ် ပထမအကျော့ အကောင်းဆုံးအသင်း (Team of the Week) တွင်လည်း PSG အသင်းမှ ကစားသမား ၄ ဦးအထိ ပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်မှ ၃ ဦး၊ အာဆင်နယ်နှင့် အက်သလက်တီကိုအသင်းတို့မှ ၂ ဦးစီ ပါဝင်ခဲ့ကြပါသည်။

news-view-count-icon

44