back

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး ဝန်ကြီးဌာနများက ဝိုင်းဝန်းဖော်ဆောင်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

May 01 • 8:02 AM

breaking-news

Myanmar

Local

cover

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး ဝန်ကြီးဌာနများက ဝိုင်းဝန်းဖော်ဆောင်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နိုင်ငံသားများ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွ...

မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နိုင်ငံသားများ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အေးချမ်းပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်။ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားအချို့တွင် မတရားဖိနှိပ်ခံရမှုများ ရှိနေသဖြင့် ဘဝလုံခြုံမှုရှိပြီး တိုးတက်မည့် အခွင့်အလမ်းများရှိသည့် ပြည်တွင်းလုပ်ငန်းခွင်များ၌သာ လုပ်ကိုင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်နှင့် ILO တို့၏ အချက်အလက်များအရ ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားဦးရေမှာ ၄ ဒသမ ၂ သန်းကျော်အထိ ရှိနေကြောင်းလည်း သိရှိရပါသည်။

news-view-count-icon

38