back

နွေစပါး ဧက ၄၆,၀၀၀ ကျော်အတွက် ဒီဇယ်ဆီများ တိုက်ရိုက်ရောင်းချပေးထားပြီး မိုးစပါးအတွက်လည်း ပြင်ဆင်ထား

May 01 • 7:10 AM

breaking-news

Myanmar

Local

cover

နွေစပါး ဧက ၄၆,၀၀၀ ကျော်အတွက် ဒီဇယ်ဆီများ တိုက်ရိုက်ရောင်းချပေးထားပြီး မိုးစပါးအတွက်လည်း ပြင်ဆင်ထား

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နွေစပါးမြေပြုပြင်ရန်ကျန်ရှိသည့် ဧက ၄၆,၀၀၀ ကျော်အတွက် လိုအပ်သော ဒီဇယ်ဆီများကို တောင်သူများထံ တိုက်ရိုက်ရောင်းချပေးခဲ့ပြီးဖြစ...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နွေစပါးမြေပြုပြင်ရန်ကျန်ရှိသည့် ဧက ၄၆,၀၀၀ ကျော်အတွက် လိုအပ်သော ဒီဇယ်ဆီများကို တောင်သူများထံ တိုက်ရိုက်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ရှေ့လာမည့် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက်လည်း စက်သုံးဆီများ ဖြန့်ဖြူးပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးသည့် လယ်ယာလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်နှင့် စရိတ်စကလျှော့ချနိုင်ရန်အတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီများကို တစ်ဂါလန်လျှင် ၁၀,၀၀၀ ကျပ် နှုန်းဖြင့် တောင်သူများထံ လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေသော်လည်း ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီ ဖူလုံမှုရှိစေရန် ဒစ်ဂျစ်တယ်နည်းပညာဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေပြီး၊ တောင်သူများအနေဖြင့် လိုအပ်သည့်အချိန်တွင် အဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီဆိုင်များတွင် စာရင်းသွင်းဝယ်ယူနိုင်ရေး စီမံထားရှိကြောင်း သိရှိရပါသည်။

news-view-count-icon

58