back

ရခိုင်တွင် လမ်းကြောင်းပိတ်ဆို့မှုနှင့် ဖမ်းဆီးမှုများကြောင့် အခြေခံကုန်ဈေးနှုန်း မြင့်တက်လာ

May 01 • 7:01 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် လမ်းကြောင်းပိတ်ဆို့မှုနှင့် ဖမ်းဆီးမှုများကြောင့် အခြေခံကုန်ဈေးနှုန်း မြင့်တက်လာ

ရခိုင်ပြည်တွင် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုနှင့် ကုန်သည်အချို့အား ဖမ်းဆီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တရိပ်...

ရခိုင်ပြည်တွင် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုနှင့် ကုန်သည်အချို့အား ဖမ်းဆီးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တရိပ်ရိပ် မြင့်တက်လာနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၇,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၁၀,၀၀၀၊ အိန္ဒိယ ကြက်ဥ တစ်လုံး ငွေကျပ် ၅၀၀၊ အိန္ဒိယဆီ(အနီ) တစ်လီတာကို ငွေကျပ် ၇,၅၀၀နှင့် Sunday ကော်ဖီတစ်ထုပ်ကို ငွေကျပ် ၂၅,၀၀၀နှင့် ဂျင်းတစ်ပိဿာကို ငွေကျပ် ၁၀,၀၀၀ ကျပ်ရှိခဲ့သည်။ လက်ရှိတွင် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၁၅,၀၀၀၊ အိန္ဒိယ ကြက်ဥ တစ်လုံး ငွေကျပ် ၈၀၀၊ အိန္ဒိယဆီ(အနီ) တစ်လီတာ ကို ငွေကျပ် ၁၀,၀၀၀နှင့် Sunday ကော်ဖီတစ်ထုပ်ကို ငွေကျပ် ၂၇,၀၀၀နှင့် ဂျင်းတစ်ပိဿာကို ငွေကျပ် ၁၈,၀၀၀ ထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။

news-view-count-icon

30