back

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ ဂန့်ဂါရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

May 01 • 2:47 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ ဂန့်ဂါရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ ဂန့်ဂါရပ်ကွက်တွင်၃၀.၄.၂၀၂၆ ရက်နေ့ ၊ ၂၁:၂၅ မိနစ်အချိန်ခန့်၊ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် ညောင...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ ဂန့်ဂါရပ်ကွက်တွင်၃၀.၄.၂၀၂၆ ရက်နေ့ ၊ ၂၁:၂၅ မိနစ်အချိန်ခန့်၊ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုဂံအရန်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အရပ်ဘက်မှ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၂:၂၂ မိနစ်အချိန် မီးငြိမ်းပါသည်။

news-view-count-icon

25