back

ထိုင်းတွင် ဖေ့ဘုတ်စ်နှင့်ပတ်သက်ပြီး စကားများကာ မြန်မာလင်မယား သေဆုံး

May 01 • 2:46 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ဖေ့ဘုတ်စ်နှင့်ပတ်သက်ပြီး စကားများကာ မြန်မာလင်မယား သေဆုံး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလင်မယားနှစ်ဦးသည် ဇနီးဖြစ်သူ Facebook သုံးစွဲသည့်ကိစ္...

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလင်မယားနှစ်ဦးသည် ဇနီးဖြစ်သူ Facebook သုံးစွဲသည့်ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူက သဝန်တိုရာမှတစ်ဆင့် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့တွင် နှစ်ဦးစလုံး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည့် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ခင်ပွန်းဖြစ်သူ ဦးဇော်က ဇနီးဖြစ်သူ မနုအား လူမှုကွန်ရက်ပေါ်ရှိ ပို့စ်များဖျက်ရန်နှင့် ဆက်မသုံးရန် ပြောဆိုရာမှ အပြန်အလှန် စကားများခဲ့ကြပြီး မီးဖိုချောင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ကာ တစ်ဦးကိုတစ်ဦး ဓားဖြင့်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။

news-view-count-icon

18