ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးကနေ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသား/အကျဉ်းသူတွေကို ဧပြီ၃၀ရက် မနက်ပိုင်းက ပြန်လွှတ်ပေးနေရာမှာ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးဗဟိုအကျဉ်းထောင်၊ သရက်အကျဉ်းထောင်၊ ပခုက္ကူအကျဉ်းထောင်နဲ့ ဆင်ပေါင်ဝဲမြို့ နယ်ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးအတတ်သင်စခန်းတို့မှာရှိတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်း သား/အကျဉ်းသူ စုစုပေါင်း ၄၁ ယောက်တို့ကိုလည်း ဧပြီ ၃၀ ရက်မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါ တယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိတဲ့ မကွေးဗဟိုအကျဉ်းထောင်က ၁၉ ဦး၊ သရက်အကျဉ်းထောင်က ၁၀ ဦး၊ ပခုက္ကူ အကျဉ်းထောင်က ၄ ဦး၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးအတတ်သင်စခန်းက ၈ ဦးတို့ကို ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် နိုင်ငံတော်သမ္မတဟာဧပြီလ၃၀ရက်မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ချ မှတ်ခံရကာ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/ အကျဉ်းသူ တွေကို ရာဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ကျခံဖို့ကျန်တဲ့ပြစ်ဒဏ်တွေရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။



