back

ပုသိမ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်နှင့် သစ်ပင်များလဲကျ လမ်းပိတ်ဆို့မှုများရှိနေ

Apr 30 • 10:13 AM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်နှင့် သစ်ပင်များလဲကျ လမ်းပိတ်ဆို့မှုများရှိနေ

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းက မိုးရွာသွန်းခြင်းမရှိဘဲ ရုတ်တရက် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက်အချို...

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းက မိုးရွာသွန်းခြင်းမရှိဘဲ ရုတ်တရက် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက်အချို့၌ သစ်ပင်များလဲကျခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများ လဲကျမှုကြောင့် လမ်းမကြီးအချို့တွင် ပိတ်ဆို့မှုများဖြစ်ပေါ်ကာ ပြည်သူများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။လေပြင်းကြောင့် လျှပ်စစ်ဓာတ်တိုင်အချို့ ကျိုးကျပျက်စီးခဲ့သည့်အတွက် ရပ်ကွက်အချို့တွင် နေစဉ် ၂၄ နာရီမှာ (၂)နာရီသာ လာသည့် လျှပ်စစ်မီးများ (ယာယီ) မလာတဲ့မီး ပြတ်တောက်လျက်ရှိကြောင်း သိရသည်ပြည်သူများအနေဖြင့် လဲကျနေသော လျှပ်စစ်ကြိုးများနှင့် နီးစပ်ရာနေရာများသို့ သွားလာခြင်းကို အထူးဂရုပြုကြရန်နှင့် လိုအပ်သည် ။ ဓာတ်လိုက်၍ မသေနိုင်သော်လည်း ဓာတ်ကြိုးညှိ၍ ဒဏ်ရာအနာတရ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့် ပြည်သူများ သတိထားရန်လိုအပ်သည်။



news-view-count-icon

18