back

ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီး

Apr 30 • 10:00 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီး

ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီကျော်မှ စတင်ကာ ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြ...

ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီကျော်မှ စတင်ကာ ရန်ကုန်မြို့နေရာအနှံ့အပြား လေပြင်းတိုက်ခတ်ပြီး မြို့နယ်အချို့တွင် သစ်ပင်များလဲကျခဲ့ကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။လေပြင်းတိုက်ခတ်မှုမှာ သာကေတ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပုဇွန်‌တောင်၊ တာမွေ၊ ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင် အစရှိသည့်မြို့နယ်အများအပြားတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့နယ်အချို့တွင် မိုးအနည်းငယ်ရွာသွန်းနေသည်ဟု သိရသည်။လေပြင်းများ တိုက်ခတ်မှုကြောင့် ရန်ကုန်မြို့ရှိ Time City တွင် ပြုလုပ်လျက်ရှိသည့် စျေးရောင်းပွဲတော်တွင် ဆိုင်အချို့ အမိုးလန်ခြင်း၊ ပြိုကျခြင်းများရှိသည်ဟု သိရသည်။

လေပြင်းများ တိုက်ခတ်မှုကြောင့် ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် အလုံမြို့နယ်တွင် သစ်ပင်များ လဲကျပျက်စီးခြင်းများ ဖြစ်ပွားပြီး မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ညနေပိုင်းတွင်မူ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် မိုးအနည်းငယ် ရွာသွန်းလျက်ရှိပြီး လေတိုက်ခတ်မှုမှာ ယခင်ကလောက်ပြင်းထန်မှုမရှိတော့ကြောင်း သိရသည်။



news-view-count-icon

23