၁၃၈၈ ခုနှစ်(ကဆုန်လပြည့်နေ့)တွင် အင်းစိန်အကျဥ်းထောင်မှ အကျဥ်းသား/သူ ငါးရာခန့်အား လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့သည်။ဧပြီ ၃၀ ရက်(ကဆုန်လပြည့်နေ့) နံနက် ၉ နာရီကျော်ခန့်တွင် အင်းစိန်အကျဥ်းထောင်မှ အကျဥ်း/သူ ငါးရာခန့်အား လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်ပေးခဲ့သည်။"ငါးရာလောက်တော့ရှိမယ်။ထောင်ဒဏ် နှစ်နှစ်အောက်တွေ လွှတ်တာများတယ်"ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။အင်းစိန်အကျဥ်းထောင်မှ အကျဥ်းသား/သူများအား Mini Bus ယာဥ်နှင့် YBS ယာဥ်များဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အကျဥ်းထောင် အချုပ်ထောင်အသီးသီးတွင် အကျဥ်းကျခံနေရသည့် အကျဉ်းသား အကျဥ်းသာသူ ၁,၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး နိုင်ငံတော်သမ္မတရုံးက ယနေ့(ဧပြီ ၃၀ ရက်)တွင်အမိန့်အမှတ် ၅၁ / ၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့တာဖြစ်သည်။
ရန်ကုန်၊ အင်းစိန်အကျဥ်းထောင်မှ ၁၃၈၈ ခုနှစ်(ကဆုန်လပြည့်နေ့)တွင် အကျဥ်းသား/သူ ငါးရာခန့်အား လွတ်ငြိမ်းဖြင့် ပြန်လွှတ်
Apr 30 • 4:22 AM
Myanmar
Yangon
Share
| 60 | 0 | 0 | 0 |


