back

ရန်ကုန်တိုင်း၊ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

Apr 30 • 3:47 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြ...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။အိမ်ခြေ (၅၀၀) ကျော်ရှိသည့်အတွက် သုံးရေရော သောက်ရေပါ လုံလောက်မှုမရှိဘဲ အခက်တွေ့နေခြင်းလည်းဖြစ်သည်။

news-view-count-icon

28