back

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၂၃ဦးစေလွှတ်၊ တားမြစ်ပစ္စည်း သယ်လာသူများ ရှိနေ

Apr 29 • 1:37 PM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၂၃ဦးစေလွှတ်၊ တားမြစ်ပစ္စည်း သယ်လာသူများ ရှိနေ

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၂၃ဦးကို စေလွှတ်ခဲ့ရာ ကိုရီးယားအစိုးရဘက်မှ တားမြစ်ထားတဲ့ ပစ္စည်းတွေကိုသယ်ယူတဲ့ မြန်မာလုပ်သားတွေ ပါရှိတာကြောင့် ပြည်ဝင်ခွ...

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၂၃ဦးကို စေလွှတ်ခဲ့ရာ ကိုရီးယားအစိုးရဘက်မှ တားမြစ်ထားတဲ့ ပစ္စည်းတွေကိုသယ်ယူတဲ့ မြန်မာလုပ်သားတွေ ပါရှိတာကြောင့် ပြည်ဝင်ခွင့်ရရှိဖို့ အတွက် မြန်မာသံရုံးဘက်မှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရတယ် လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ EPS စနစ်ဖြင့် စေလွှတ်လိုက်တဲ့ မြန်မာကုန်ထုတ်လုပ်သားသစ် ၁၂၃ ဦးဟာ ဧပြီ ၂၈ ရက် မှာ ကိုရီးယားလေကြောင်းလိုင်း KE492 ခရီးစဉ်ဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ရာတွင် အသားနှင့် အသားထွက်ပစ္စည်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ တိရစ္ဆာန်အစာများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ မျိုးစေ့နှင့် ပျိုးပင်များကို ယူဆောင်လာခြင်း မပြုရန် မြန်မာသံရုံးက အထူးသတိပေးထားပါတယ်။ အကယ်၍ စစ်ဆေးတွေ့ရှိပါက ပစ္စည်းများ သိမ်းဆည်းခံရနိုင်တဲ့ အပြင် ကိုရီးယားနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်း၊ ဒဏ်ငွေ ဝမ် ၁ သန်းအထိ ချမှတ်ခံရနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ 





news-view-count-icon

4