back

Rodtang နှင့် Takeru တို့ တိုကျိုတွင် ယနေ့ည ထိုးသတ်မည်

Apr 29 • 1:35 PM

breaking-news

Thailand

Local News

breaking-news
cover

Rodtang နှင့် Takeru တို့ တိုကျိုတွင် ယနေ့ည ထိုးသတ်မည်

ကမ္ဘာကျော် ONE Championship ၏ ထိပ်သီးဖိုက်တာများဖြစ်ကြသည့် ထိုင်းဖိုက်တာ Rodtang နှင့် ဂျပန်ဖိုက်တာအကျော်အမော် Takeru တို့၏ Flyweight ကစ်ဘောက်ဆင် ချန်ပီယံခါးပတ်...

ကမ္ဘာကျော် ONE Championship ၏ ထိပ်သီးဖိုက်တာများဖြစ်ကြသည့် ထိုင်းဖိုက်တာ Rodtang နှင့် ဂျပန်ဖိုက်တာအကျော်အမော် Takeru တို့၏ Flyweight ကစ်ဘောက်ဆင် ချန်ပီယံခါးပတ်လုပွဲကို ယနေ့ညပိုင်းတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပမည့် ONE Samurai 1 ပြိုင်ပွဲ၏ ခေါင်ပွဲအဖြစ် ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။ ယခုပွဲစဉ်သည် Rodtang နှင့် ONE Championship တို့အကြား စာချုပ်ကိစ္စ အငြင်းပွားမှုများကြောင့် ပျက်ပြယ်လု နီးပါး ဖြစ်ခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိခဲ့ပြီးနောက် စီစဉ်ထားသည့်အတိုင်း ပြန်လည်ဖြစ်မြောက်လာခြင်းဖြစ်သည်။ အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်သော ဂျပန်ဖိုက်တာ Takeru အတွက် ယခုပွဲသည် ၎င်း၏ ကစားသမားသက်တမ်းတလျှောက် နောက်ဆုံးယှဉ်ပြိုင်သည့် အနားယူပွဲ (Retirement Fight) လည်းဖြစ်သည်။ 




news-view-count-icon

19