back

ထိုင်းဘတ်ဖြင့် မြန်မာ၌ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုဟုဆို

Apr 29 • 1:17 PM

breaking-news

Thailand

Local News

cover

ထိုင်းဘတ်ဖြင့် မြန်မာ၌ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုဟုဆို

ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ ထိုင်းဘတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဆောင်ရွက်လိုကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်င...

ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ ထိုင်းဘတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဆောင်ရွက်လိုကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ မစ္စတာ ယော့ဒျင် စူပါစရီ က ပြောပါတယ်။ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကဏ္ဍ ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေ ပိုမိုတိုးချဲ့ ဆောင် ရွက်လိုကြောင်း နဲ့ နည်းပညာဆိုင်ရာ အကူအညီတွေ လိုအပ်ရင်လည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆွေးနွေး ပြောကြားပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေကြေးတည်ငြိမ်မှုရရှိစေဖို့ ၊ ငွေလဲလှယ်နှုန်းတည်ငြိမ်မှုရှိစေဖို့ ၊ ငွေကြေး ဖောင်းပွမှု လျော့ကျစေဖို့ ၊ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် ခိုင်မာတိုးတက်စေဖို့နဲ့နဲ့ ဘဏ်လုပ်ငန်းစနစ် တည်ငြိမ်စေဖို့ ကိစ္စရပ်တွေကို ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။



news-view-count-icon

7