မန္တလေးတိုင်း၊ တံတားဦးမြို့အနီးမှာ ဧပြီ ၂၉ ရက် နေ့လယ် ၃ နာရီ မိနစ် ၂၀ လောက်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၀ အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အခုလှုပ်ခတ်ခဲ့တဲ့ငလျင်က မန္တလေးမြို့ တောင်ဘက် ၄၂ ကီလိုမီတာ အကွာလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်အားအနည်းငယ်သာရှိပေမဲ့ မန္တလေးမြို့ ဒေသခံတွေနဲ့ စစ်ကိုင်းဘက်က ဒေသခံတွေကတော့ မြေငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားရကြောင်း လူမှုကွန်ရက်တွေမှာ မျှဝေနေကြပါတယ်။အဲဒီမြေငလျင်ကိုပဲ ဗဟိုချက်တည်နေရာက မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ အင်အား ၃ ဒသမ ၄ အဆင့်ရှိပြီး မြေအောက်အနက် ၅ ကီလိုမီတာရှိကြောင်း မိုးလေဝသနနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။




