မွန်ပြည်နယ်ရှိ ဥယျာဉ်ခြံထွက် ရာသီပေါ်နှစ်ရှည်သီးနှံများဖြစ်သည့် ဒူးရင်း၊ မင်းကွတ်နှင့် ကြက်မောက်သီးများသည် စက်သုံးဆီအခက်အခဲကြောင့် ခြံများအတွင်း ရေမသွင်းနိုင်ခြင်းနှင့် ရာသီဥတုပူပြင်းခြင်းတို့ကြောင့် အချိန်မတိုင်မီ ကြွေကျပျက်စီးမှုများပြားကာ တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။ စိုက်ပျိုးသူများအနေဖြင့် ဥယျာဉ်ခြံများအတွက် စက်သုံးဆီ သီးခြားဝယ်ယူခွင့်မရသဖြင့် ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူနေရခြင်း၊ ဓာတ်မြေဩဇာနှင့် လုပ်အားခဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် ကုန်ကျစရိတ်များပြားနေသော်လည်း အသီးအနှံများမှာ အက်ကွဲကြွေကျ ပျက်စီးနေခြင်းဖြစ်သည်။ ထို့ပြင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် သစ်သီးဝလံဈေးနှုန်းများ မြင့်တက်လာကာ စားသုံးသူများ ဝယ်ယူနိုင်စွမ်း လျော့ကျနေခြင်းကလည်း စိုက်ပျိုးတောင်သူများအတွက် ထပ်ဆင့်စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်တွင် စက်သုံးဆီအခက်အခဲနှင့် ရာသီဥတုပူပြင်းမှုကြောင့် ရာသီပေါ်နှစ်ရှည်သီးနှံများ အဆမတန်ပျက်စီးဆုံးရှုံးနေ
Apr 29 • 7:41 AM
Myanmar
Mon
Share
| 21 | 0 | 0 | 0 |


