back

အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် နိုင်ငံခြားသား ၁၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

Apr 29 • 7:37 AM

breaking-news

Myanmar

Local

cover

အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် နိုင်ငံခြားသား ၁၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံ၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၁၄ ဦးကို အစိုးရက ဧပြီလ ၂၈ ရက်တွင် သက်ဆိုင...

မြန်မာနိုင်ငံ၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူ နိုင်ငံခြားသား ၁၄ ဦးကို အစိုးရက ဧပြီလ ၂၈ ရက်တွင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့သူများထဲတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ရဝမ်ဒါနှင့် လာအိုနိုင်ငံသားများ ပါဝင်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အွန်လိုင်းဒုစရိုက်မှုများဖြင့် ဖမ်းဆီးထားသူ ၁,၂၀၇ ဦး ရှိနေပြီး ယင်းတို့အနက် ၄၆၁ ဦးမှာ လွှဲပြောင်းရန် အသင့်ဖြစ်နေကာ ကျန်ရှိသူ ၇၄၆ ဦးမှာမူ ပြည်တွင်းဥပဒေများအရ အရေးယူခြင်းခံထားရကြောင်း သိရှိရပါသည်။

news-view-count-icon

25