မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးဝယ်ကဏ္ဍတွင် ထင်ရှားသည့် Shop App MM သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီ အပြီးတိုင်ရပ်နားတော့မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးအမှာစာများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိသာ လက်ခံတော့မည်ဖြစ်ပြီး လက်ရှိလက်ခံထားပြီးသော အမှာစာများ ပို့ဆောင်ခြင်း၊ ပစ္စည်းပြန်ပေးခြင်းနှင့် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မိခင်ကုမ္ပဏီ Daraz Group ၏ ဒေသတွင်းလုပ်ငန်း ပြန်လည်ဖွဲ့စည်းမှုနှင့် စရိတ်လျှော့ချရေး မူဝါဒများအကြား ၁၂ နှစ်ကြာ ရပ်တည်ခဲ့သည့် မြန်မာ့ထိပ်တန်း E-commerce ပလလက်ဖောင်းတစ်ခု ယခုကဲ့သို့ နိဂုံးချုပ်သွားခြင်းဖြစ်ပါသည်။
Apr 29 • 7:35 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


