back

ပြည်တွင်း‌၌ ထိုင်၀မ်မျိုးရင်းပိန္နဲသီးများ ဈေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများလာ

Apr 29 • 3:54 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း‌၌ ထိုင်၀မ်မျိုးရင်းပိန္နဲသီးများ ဈေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများလာ

ပြည်တွင်းသီးနှံဈေးကွက်အတွင်းတွင် ထိုင်၀မ်မျိုးရင်းပိန္နဲသီးများမှာ လူကြိုက်များပြီး ဈေးကောင်းရနေသည့် အတွက် စီးပွားဖြစ် စိုက်ပျိုးသူများပြားလာကြောင်း သစ်သီးစိုက်...

ပြည်တွင်းသီးနှံဈေးကွက်အတွင်းတွင် ထိုင်၀မ်မျိုးရင်းပိန္နဲသီးများမှာ လူကြိုက်များပြီး ဈေးကောင်းရနေသည့် အတွက် စီးပွားဖြစ် စိုက်ပျိုးသူများပြားလာကြောင်း သစ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။ပြည်တွင်းမျိုးရင်းနှင့်ယှဉ်ပါက ဈေးနှုန်းနှစ်ဆခန့်ပိုရသဖြင့် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် ရောင်းချသည်အထိ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။မန္တလေးမြို့ရှိ တရုတ်တန်းသစ်သီးဈေးကွက်အတွင်း ထိုင်၀မ်ပိန္နဲသီးတစ်ပိဿာလျှင် ၅,၀၀၀ ကျပ်နှင့်အထက် ဈေးရှိပြီး လက်လီဆိုင်များမှာ ခွဲရောင်းသော်လည်း လက်ကားဆိုင်များက အလုံးလိုက်သာရောင်းချကြသည်။

news-view-count-icon

36