မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နဲ့အနီးဝန်းကျင်မှာ မိုးဦးကျမိုးတွေ စတင်ရွာသွန်းလာတာကြောင့် မကွေးမြို့အနီး ကျေးရွာတွေမှာ မြေပဲ၊ နှမ်းများစတင်စိုက်ပျိုးနေကြပြီဖြစ်တယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။မကွေးမြို့နယ်က ကျေးလက်နေတောင်သူတွေအနေနဲ့ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ စတဲ့သီးနှံတွေကို အဓိကစီးပွားဖြစ်သီးနှံအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ဧပြီလ (၂၇) ရက်နဲ့ (၂၈) ရက်မှာလည်း မိုးဆက်လက်ရွာသွန်းခဲ့တာကြောင့် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ စိုက်ပျိုးမှုတွေပြီးစီးသလောက်ဖြစ်နေပြီလို့ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာမှ တောင်သူ ဦးမျိုးဌေးက ပြောပါတယ်။
| 21 | 0 | 0 | 0 |


