back

အင်ဒိုနီးရှားတွင် ရထားနှစ်စီး နောက်မှဝင်တိုက်မှုကြောင့် အမျိုးသမီး ၁၄ ဦး သေဆုံး

Apr 28 • 8:39 AM

breaking-news

Myanmar

International

cover

အင်ဒိုနီးရှားတွင် ရထားနှစ်စီး နောက်မှဝင်တိုက်မှုကြောင့် အမျိုးသမီး ၁၄ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့အနီး ဘီကာစီဒေသတွင် ဧပြီလ ၂၇ ရက် ညပိုင်းက ရပ်ထားသော ခရီးသည်တင်ရထားတစ်စီးကို အဝေးပြေးရထားတစ်စီးက နောက်မှဝင်တိုက်ခဲ့သဖြင့် သေဆုံးသ...

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့အနီး ဘီကာစီဒေသတွင် ဧပြီလ ၂၇ ရက် ညပိုင်းက ရပ်ထားသော ခရီးသည်တင်ရထားတစ်စီးကို အဝေးပြေးရထားတစ်စီးက နောက်မှဝင်တိုက်ခဲ့သဖြင့် သေဆုံးသူ ၁၄ ဦးရှိလာပြီး ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်မှုအများဆုံးမှာ အမျိုးသမီးသီးသန့်တွဲဖြစ်ပြီး သေဆုံးသူအားလုံးမှာ အမျိုးသမီးများဖြစ်ကာ တွန့်လိမ်နေသော ရထားတွဲများအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ယနေ့နံနက်တွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။ အဆိုပါမတော်တဆမှုသည် ခရီးသည်တင်ရထားက အငှားယာဉ်တစ်စီးကို ဝင်တိုက်မိပြီးနောက် လမ်းကြောင်းတူမှလာသည့် အဝေးပြေးရထားက ထပ်ဆင့်တိုက်မိခြင်းဖြစ်ကာ သမ္မတဆူဘီယန်တိုက အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ရထားလမ်းထိန်းသိမ်းမှုအားနည်းချက်များကို ထောက်ပြကာ ခုံးကျော်တံတားများ တည်ဆောက်ရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

news-view-count-icon

42