ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧပြီလအစောပိုင်းမှစ၍ အပူရှိန်မြင့်တက်လာမှုကြောင့် ကျေးရွာပေါင်း ၄၀ ကျော်၌ သောက်သုံးရေကန်များနှင့် ချောင်းရေများ ခန်းခြောက်ကာ ရေအခက်အခဲ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ ဒေသခံများမှာ မသန့်ရှင်းသည့် ရေများကိုသာ အကြည်ခံသောက်သုံးနေရသဖြင့် ကျန်းမာရေးထိခိုက်မည့် အန္တရာယ်ရှိနေပြီး၊ ရေလာရောက်လှူဒါန်းသူများရှိသော်လည်း လိုအပ်ချက်နှင့် မမျှတသည့်အပြင် စက်သုံးဆီဈေးနှင့် သယ်ယူစရိတ်ကြီးမြင့်မှုများကြောင့် ကွင်းဆင်းလှူဒါန်းရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
Apr 28 • 7:32 AM
Myanmar
Ayeyarwady
Share
| 22 | 0 | 0 | 0 |


