ယခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းထွက် ငရုတ်သီးခြောက်များတွင် မှိုပိုးဓာတ်ကြွင်းများ တွေ့ရှိရခြင်းကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းကာ ပြည်ပတင်ပို့ရာ၌လည်း ပယ်ချခံရမှုများရှိနေသဖြင့် တောင်သူများနှင့် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေကြရသည်။ အဆိုပါမှိုပိုးသည် လူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက အသည်း၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားပြီး၊ စားသုံးသူများအနေဖြင့် ငရုတ်သီးကို အသုံးမပြုမီ တစ်တောင့်ချင်း ခွဲစစ်ကြည့်ရန် တိုက်တွန်းထားသကဲ့သို့ တောင်သူများအနေဖြင့်လည်း လာမည့်နှစ် စိုက်ပျိုးရာတွင် အလျှော့အတင်းပြုလုပ်ရန် စဉ်းစားနေကြကြောင်း သိရှိရပါသည်။
Apr 28 • 7:25 AM
Myanmar
Shan
Share
| 23 | 0 | 0 | 0 |


