back

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန သတိပေး

Apr 27 • 12:41 PM

breaking-news

Myanmar

Rakhine

cover

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန သတိပေး

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနသင်တန်းကျောင်းက ယနေ့ ဧပြီလ ၂၇ နေ့ တွင် သတိပေးထုတ်ပြန်လိုက်သည်။ပြည်သူ့ကျန်းမာရေး...

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနသင်တန်းကျောင်းက ယနေ့ ဧပြီလ ၂၇ နေ့ တွင် သတိပေးထုတ်ပြန်လိုက်သည်။ပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းမှ ထုတ်ပြန်ချက်အရ သွေးလွန်တုတ်ကွေးရောဂါတွင် ဒန်ဂီးအဖျားရောဂါ( Dengue fever)၊ သွေးလွန်တုတ်ကွေးရောဂါ ( Dengue Heamorrhagic fever) နှင့် သွေးလန့်ခြင်း( Dengue Shock Syndrome) စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း ဆိုထားသည်။သွေးလွန်တုပ်ကွေးရောဂါ အစောပိုင်းလက္ခဏာများအဖြစ် ရုတ်တရက်အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ခန္ဓာလုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင်/မသောက်ချင်ဖြစ်ခြင်း၊ တစ်ခါတလေမှာ ခန္ဓာကိုယ်တွင် အစက်အပြောက်များပေါ်လာခြင်းတို့ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါနှင့် သွေးလန့်ခြင်းတို့တွင် စိုးရိမ်ရသည့်လက္ခဏာများမှာ သွေးယိုခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ကျဆင်းခြင်း၊ အနီကွက်များပေါ်ခြင်း၊ သွေးပေါင်ကျခြင်းတို့ ဖြစ်တက်ပြီး အထက်ပါ စိုးရိမ်လက္ခာတစ်ခုခု တွေ့ရှိပါက နီးစပ်ရာ ကျမ်းမာရေးဌာန/ ဆေးရုံ သို့ အမြန်ဆုံးလာရောက် ဆေးကုသမှုခံယူရန် ညွှန်ကြားထားသည်။


news-view-count-icon

61