ယူအေအီးနိုင်ငံ၊ ရှာဂျာ (Sharjah) ရဲတပ်ဖွဲ့သည် အွန်လိုင်းမှတစ်ဆင့် ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှု (Delivery Scam) နှင့် အချစ်ရေးလိမ်လည်မှု (Romance Scam) များအသုံးပြုကာ လူပေါင်းများစွာထံမှ ဒီရမ် ၃ သန်းကျော် (အမေရိကန်ဒေါ်လာ ၈ သိန်းကျော်) လိမ်လည်ခဲ့သည့် နိုင်ငံတကာငွေလိမ်ကွန်ရက်တစ်ခုကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါဂိုဏ်းသည် ဆိုရှယ်မီဒီယာများပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် သားကောင်များကို ရှာဖွေခဲ့ကြပြီး၊ ခိုးယူထားသော ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ ဘဏ်အကောင့်များမှ ငွေကြေးများကို လိမ်လည်ထုတ်ယူခဲ့ကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ လိမ်လည်ရာတွင် အသုံးပြုသည့် လက်ပ်တော့များ၊ ဖုန်းများနှင့် ငွေသားအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ ဤဂိုဏ်းသည် ယူအေအီးနိုင်ငံတွင်းသာမက ပြည်ပရှိလူများကိုပါ ပစ်မှတ်ထား လိမ်လည်နေခြင်းဖြစ်ပြီး၊ ရရှိလာသောငွေများကို နိုင်ငံခြားသို့ လွှဲပြောင်းရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ ရှာဂျာရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်တွင် မိမိတို့၏ ဘဏ်အချက်အလက်များနှင့် လျှို့ဝှက်နံပါတ်များကို မည်သူ့ကိုမျှ မမျှဝေကြရန်နှင့် မသင်္ကာဖွယ်ရာ ကမ်းလှမ်းမှုများကို သတိပြုကြရန် ထပ်မံသတိပေးထားသည်။
ယူအေအီးနိုင်ငံ၊ရှာဂျာရဲတပ်ဖွဲ့က ဒီရမ် ၃ သန်းကျော် လိမ်လည်ခဲ့သည့် နိုင်ငံတကာငွေလိမ်ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီ
Apr 27 • 7:53 AM
UAE
Local News
Share
| 9 | 0 | 0 | 0 |


