ရှမ်းပြည်နယ်၊ကျောက်မဲမြို့မှာ ညအချိန် မီးကြိုးတွေ ခိုးဖြတ်ခံနေရတာကြောင့် သူခိုးတွေကို သက်ဆိုင်ရာက ဖမ်းဆီးပေးဖို့ ဒေသခံတွေက လိုလားကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။ူမန်နေ့ညသန်းခေါင်မှာ ကျောက်မဲမြို့ ၃ ကွက် မန့်နားနဲ့ ငြိမ်းချမ်းရေးကုန်းအပြင် ရဲစခန်းအနီးရှိ နေအိမ်တွေမှာ မီးကြိုးတွေ ညှပ်ဖြတ်ပြီး ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။သူခိုးတွေဟာ မီးကြိုးတွေအပြင် မီးစက်နဲ့ အိမ်ပြင်မှာ တပ်ထားတဲ့ မီးသီး၊ မီးလုံးတွေကိုပါ ဖြုတ်ရောင်းကြတာဖြစ်ပြီး အပေါင်ဆိုင်နဲ့ ၎င်းပစ္စည်းတွေကို လက်ခံဝယ်ယူပေးနေတဲ့ ဆိုင်တွေကိုလည်း တာဝန်ရှိသူတွေကို ဖမ်းဆီး အရေးယူစေချင်ကြောင်း နောက်ထပ် မြို့ခံအမျိုးသားက ဆိုပါတယ်။



