back

ပြည်တွင်း၌စာပို့တံဆိပ်ခေါင်းသစ်(၇)မျိုး ရောင်းချပေးမည်

Apr 27 • 4:34 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌စာပို့တံဆိပ်ခေါင်းသစ်(၇)မျိုး ရောင်းချပေးမည်

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အနေနဲ့ သာသနာရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့ (၂၀၀)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၇)မျိုးကို တစ်ပြိုင်တည်း ...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အနေနဲ့ သာသနာရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့ (၂၀၀)ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၇)မျိုးကို တစ်ပြိုင်တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းကနေသိရပါတယ်။

အဲဒီစာပို့တံဆိပ်ခေါင်းသစ်(၇)မျိုးဟာ ဓါတ်ပုံဒီဇိုင်းဦးအောင်ဇော်မြတ်(ကျွန်းသီဟ)ဒီဇိုင်းရေးဆွဲထားတာဖြစ် တယ်လို့ဆိုပါတယ်။

အဲဒီစာပို့တံဆိပ်ခေါင်းသစ်(၇)မျိုးကို ဧပြီလ(၃၀)ရက်၊ ကဆုန်လပြည့်နေ့ မနက်ကိုးနာရီအချိန်ကစတင်ပြီး သီရီမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာမင်္ဂလာအခမ်းအနားမှာဖွင့်လှစ်ထားတဲ့ အထိမ်းအမှတ် ပစ္စည်းအရောင်း ဆိုင်၊ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတို့မှာ တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

news-view-count-icon

33