back

ရှမ်းပြည်နယ်၊မူဆယ်မြို့မှာ အမျိုးသားတစ်ဦး K ရှူလွန်ပြီး သေဆုံး

Apr 27 • 4:27 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊မူဆယ်မြို့မှာ အမျိုးသားတစ်ဦး K ရှူလွန်ပြီး သေဆုံး

ရှမ်းပြည်နယ်၊မူဆယ်မြို့မှာ အမျိုးသားတစ်ဦး KTVမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ (K) ရှူလွန်ပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းနဲ့ နီးစပ်သူ ဖြစ်စဉ်ကိုသိရသူ ...

ရှမ်းပြည်နယ်၊မူဆယ်မြို့မှာ အမျိုးသားတစ်ဦး KTVမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ (K) ရှူလွန်ပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းနဲ့ နီးစပ်သူ ဖြစ်စဉ်ကိုသိရသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ယမန်နေ့မနက် ၆ နာရီ ဝန်းကျင်မှာ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာနေ အသက် ၃၀ ဝန်းကျင် အရွယ် အဲလူငယ်ဟာ မူဆယ်မြို့ရှိ KTV တစ်ခုမှာ တစ်ညလုံး မူးယစ်ဆေးဝါး (K) ရှူပြီး မနက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ဖြစ်စဉ်ကိုသိရသူ အမျိုးသားက “နေ့ခင်းက သူတို့ သူငယ်ချင်းအဖွဲ့လိုက် ချောင်းငါးဖမ်းသွားကြသေးတယ်။ ညရောက်မှ မူဆယ်တက်ကြတာ။ တစ်ညလုံး KTV ထဲ သောက်စားကြတာ။ မနက်ရောက်မှ သေတာ” လို့ ပြောပါတယ်။

news-view-count-icon

20