ဂျပန်နိုင်ငံမြောက်ပိုင်း၊ ဟော့ကိုင်းဒိုးကျွန်းမှာ ဧပြီလ ၂၇ ရက် ဒီနေ့မနက်အစောပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ အမေရိကန်နဲ့ ဂျပန်မိုးလေဝသဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေတဲ့ အင်အားပြင်းငလျင်တွေထဲက နောက်ဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ဂျပန်မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၂ ရှိတဲ့ အဆိုပါငလျင်ဟာ ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၃ မိနစ်မှာ ဟော့ကိုင်းဒိုးကျွန်းတောင်ပိုင်းဒေသ၊ မြေအောက်အနက် ၈၀ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာပါ။ အစောပိုင်းက ငလျင်အင်အားကို ၆ ဒသမ ၁ လို့ ခန့်မှန်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ၆ ဒသမ ၂ လို့ ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။အဲဒီငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားတာမျိုး မရှိသလို ငလျင်ဗဟိုချက်ဟာ ဆပ်ပိုရိုမြို့ရဲ့ အရှေ့ဘက်ကီလိုမီတာ ၂၀၀ ခန့်အကွာ လူဦးရေကျဲပါးတဲ့ဒေသမှာ ဖြစ်တာကြောင့် ဒေသခံတွေအသက်အန္တရာယ်နဲ့ ပိုင်ဆိုင်မှု ထိခိုက်ပျက်စီးနိုင်ခြေ အလွန်နည်းပါးတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ခန့်မှန်းထားပါတယ်။
Apr 27 • 3:41 AM
Japan
Local News
Share
| 22 | 0 | 0 | 0 |


