မန္တလေးမြို့မှာစက်သုံးဆီဆိုင်တွေအနေနဲ့ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူတွေနဲ့ ယာဉ်ကြံ့ခိုင်မှုမပြည့်စုံတဲ့ ယာဉ်တွေကို စက်သုံးဆီရောင်းချပေးခြင်းမပြုဖို့ အမိန့်ထုတ်ပြန်ကာ ဖိအားပေးကန့်သတ်လိုက်ကြောင်း သိရပါတယ်။အဆိုပါ ထုတ်ပြန်ချက်အရ စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူမယ်ဆိုရင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားသူတွေ၊ ယာဉ်ကိုယ်ထည် ချို့ယွင်းနေတဲ့ ယာဉ်တွေ၊ ရှေ့၊ နောက်နဲ့ အချက်ပြမီးတွေ ကောင်းမွန်စွာ အလုပ်မလုပ်တဲ့ ယာဉ်တွေကို ရောင်းမပေးဖို့ ကန့်သတ်လိုက်တာပါ။အဲဒီကန့်သတ်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ရောင်းချပေးနေတာကို စစ်ဆေးတွေ့ရှိရပါက ဆိုင်ပိုင်ရှင်နဲ့ တာဝန်ခံတွေကို ထိရောက်စွာ အရေးယူမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။



