back

ပုဇဥ်းရင်ကွဲအခွံစျေးမြင့်တက်၍ ခိုလမ်၊ ကျိုင်းတောင်းဒေသခံများ အပိုဝင်ငွေရရှိ

Apr 26 • 1:13 PM

breaking-news

Myanmar

Shan

cover

ပုဇဥ်းရင်ကွဲအခွံစျေးမြင့်တက်၍ ခိုလမ်၊ ကျိုင်းတောင်းဒေသခံများ အပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်နှင့် ကျိုင်းတောင်းဒေသတွင် ပုဇဥ်းရင်ကွဲအခွံများ စျေးမြင့်တက်လာမှုကြောင့် ဒေသခံများ အပိုဝင်ငွေရရှိနေကြောင်း သိရသည်။ဒေသခံများ၏ ပြောက...

ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်နှင့် ကျိုင်းတောင်းဒေသတွင် ပုဇဥ်းရင်ကွဲအခွံများ စျေးမြင့်တက်လာမှုကြောင့် ဒေသခံများ အပိုဝင်ငွေရရှိနေကြောင်း သိရသည်။ဒေသခံများ၏ ပြောကြားချက်အရ ယခင်နှစ်တွင် ပုဇဥ်းရင်ကွဲအခွံ တစ်ပိဿာလျှင် သောင်းဂဏန်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် စျေးကွက်အတွင်း ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် အရည်အသွေးပေါ်မူတည်ပြီး ကျပ် ၂ သိန်းနီးပါးအထိ ရရှိနေကြောင်း သိရသည်။ပုဇဥ်းရင်ကွဲအခွံများကို တောတောင်အတွင်း သွားရောက်ကောက်ယူရပြီး မိသားစုအချို့သည် တစ်နေ့လျှင် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဝင်ငွေရရှိနေကြောင်း သိရသည်။စျေးမြင့်တက်လာမှုကြောင့် ကျောင်းပိတ်ရက်များအတွင်း ကလေးများမှ လူကြီးများအထိ တောတောင်အတွင်း သွားရောက်ကောက်ယူသူများ ပိုမိုများပြားလာကြောင်း သိရသည်။ထို့အပြင် ပုဇဥ်းရင်ကွဲအကောင်အခြောက်ကိုလည်း နို့ဆီပူး သုံးပူးလျှင် ကျပ် ၁ သောင်းအထိ စျေးရရှိနေပြီး ပုဇဥ်းရင်ကွဲအခွံများကို ဆေးဖော်စပ်ရာတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံဘက်သို့ အဓိက တင်ပို့ရောင်းချနေကြောင်း သိရသည်။




news-view-count-icon

22