ပုသိမ်-ငွေဆောင်ကားလမ်းပေါ်က ရုပ်သံဖိုင်နှင့်ပတ်သက်၍ ယနေ့ (ဧပြီ ၂၆ ရက်) တွင် ရပ်ကျေးသံဃနာယကဆရာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ ငွေဆောင်မြို့၊ မဒေါ့ကုန်းအုပ်စုရှိ အောင်သစ္စာမဏ္ဏိုင်ကျောင်းတိုက်သို့သွားရောက်စစ်ဆေးကြောင်း ကနဦးသိရှိရပါတယ်။စစ်ဆေးမှုများအရ ဖြစ်စဉ်တွင်ပါဝင်သူများဖြစ်သည့် ဥူးခေမာဝံသ၊ ဥူးရေဝတ၊ နန္ဒမာလာ (သီလရှင်)၊ မမာလာဝံသ (သီလရှင်) အဆိုပါ ၄ ဦးကို ဓမ္မဝါဒဖြစ်သော သာသနာတော်ကို ညှိုးနွမ်း
စေသော အပြုအမူများလုပ်ဆောင်မှုများကြောင့်သိက္ခာချလူဝတ်လဲခြင်းများပြုလုပ်ခဲ့ပြီးနောက် ဥပဒေအရဆက်လက်အရေးယူနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း သိရပါတယ်။တာဝန်ရှိသူများ၏စုံစမ်းစစ်ဆေးချက်အရ ၎င်းတို့နေထိုင်ရာနေရာသည် တရားဝင်သာသနာ့နယ်မြေမဟုတ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ပုသိမ်-ငွေဆောင်လမ်း ၁၆/၀ မိုင်ရှိ (၀.၂၄) ဧကခန့်၊ သလပ်ခွာသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၂၇)အတွင်းကျရောက်နေသည်။ ၂၀၀၁ ခုနှစ်ခန့်မှစတင်၍ တရားဝင်တင်ပြထားခြင်းမရှိဘဲ တောရကျောင်းသဏ္ဍာန်ဆောက်လုပ်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ သာသနာတော်ညှိုးနွမ်းစေတဲ့အပြင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်မှုတွေနဲ့ပါ ငြိစွန်းနေတဲ့အတွက် အခုလိုထိထိရောက်ရောက်အရေးယူရတာဖြစ်ပါတယ်" ဟု ဒေသခံများက ပြောပါတယ်။ဖြစ်စဥ်နှင့်ပတ်သတ်၍ ဥူးခေမာဝံသ (ခ) ဦးတင်ထွန်းဦး၊ ဒေါ်အေးအေးခိုင်၊ ဥူးရေဝတ နှင့် ဒေါ်မြင့်မြင့်အေး တို့ ၄ ဦးအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးအတွက်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။



