back

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများကို ဆိုလာစနစ်သို့ ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် တိုက်တွန်း

Apr 26 • 4:53 AM

breaking-news

Myanmar

Bago

cover

စက်သုံးဆီအခြေပြု လယ်ယာသုံးစက်ကိရိယာများကို ဆိုလာစနစ်သို့ ပြောင်းလဲထုတ်လုပ်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် တိုက်တွန်း

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧပြီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်သုံးဆီအ...

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧပြီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်သုံးဆီအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများကို ဆိုလာစနစ်သုံးအဖြစ် ပြောင်းလဲထုတ်လုပ်ကြရန် မှာကြားခဲ့သည်။ ဒေသတွင်း MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် ရည်ရွယ်သည့် အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က စက်သုံးဆီအစားထိုး စွမ်းအင်သုံးစွဲမှု မြှင့်တင်ရေးနှင့် နည်းပညာအသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များကို အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

13