မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဦးဝင်းမြင့်အပါအဝင် အကျဉ်းသား (၄,၀၀၀) ကျော်ကို လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းအပေါ် အာဆီယံဥက္ကဋ္ဌက ဧပြီလ ၂၄ ရက်နေ့တွင် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ယခုကဲ့သို့ လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ အမျိုးသားညှိနှိုင်းဆွေးနွေးမှုများအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်သဖြင့် ကျန်ရှိနေသော အကျဉ်းသားများကိုလည်း လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။ထို့ပြင် အာဆီယံဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) သည် အဓိကအရေးပါကြောင်းနှင့် ငြိမ်းချမ်းပြီး တည်တံ့ခိုင်မြဲသော ဖြေရှင်းချက်တစ်ရပ်ရရှိရန် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်မည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်လည်း ထပ်လောင်းတိုက်တွန်းထားကြောင်း သိရှိရပါသည်။
Apr 26 • 4:19 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


